သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
ဒေသနာကျမ်း။ 11:10 - Common Language Bible သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ် ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ် ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။ Garrad Bible ၎င်း ပြင်၊ ပျို ရွယ် ခြင်း နှင့် အင် အား ရှိ ခြင်း များ သည် အ န တ္တ ဖြစ် သော ကြောင့်၊ စိတ် နှ လုံး မှ ပူ ဆွေး ခြင်း၊ ကိုယ် ခ န္ဓာ မှ နာ ကျင် ခြင်း အ ကြောင်း ကို၊ ပယ် ရှား လော့။ Judson Bible သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ပူဆွေးခြင်းကို သင်၏စိတ်နှလုံးထဲမှဖယ်ရှားလော့။ ဒုက္ခကိုလည်း သင်၏ကိုယ်ခန္ဓာမှပယ်ထုတ်လော့။ အကြောင်းမူကား ပျိုရွယ်ခြင်းနှင့် အရွယ်ကောင်းခြင်းတို့သည် အချည်းနှီးဖြစ်ကြ၏။ |
သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံး ထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာ နှင်တတ်၏။
နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
သက်ရွယ်ပျိုသူတို့၏ရမ္မက်ဆန္ဒများကိုရှောင် ကြဉ်လော့။ သခင်ဘုရားအားသန့်ရှင်းစင်ကြယ် သောစိတ်နှင့်ပတ္ထနာပြုသူအပေါင်းတို့နှင့် အတူဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းတရား၊ မေတ္တာတရားနှင့်ငြိမ်းချမ်းသာယာမှုကိုရှာ လော့။-