ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
ဖာ ရော မင်း က၊ ထာ ဝ ရ ဘု ရား၏ အ မိန့် သံ ကို နာ ခံ ၍ ဣ သ ရေ လ လူ မျိုး ကို ငါ လွှတ် စေ ရန် ထို ဘု ရား ကား အ သူ နည်း။ ထာ ဝ ရ ဘု ရား ကို ငါ မ သိ၊ ဣ သ ရေ လ လူ မျိုး ကို လည်း ငါ မ လွှတ် ဟု ဆို လေ ၏။
ဖာရောမင်းကလည်း၊ ထာဝရဘုရား၏စကားကိုနားထောင်၍၊ ဣသရေလအမျိုးသားတို့ကို ငါလွှတ်စေခြင်းငှာ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရားကို ငါမသိ၊ ဣသရေလအမျိုးသားတို့ကို ငါမလွှတ်ဟု ဆိုလေ၏။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။
ထိုတိုင်းပြည်အပေါင်းတို့၏ဘုရားများအနက် အဘယ်မည်သောဘုရားသည် မိမိပြည်ကိုငါ တို့ဧကရာဇ်ဘုရင်၏လက်မှအဘယ်အခါ ကကယ်ခဲ့ဖူးပါသနည်း။ ယင်းသို့ဖြစ်ပါမူ ထာဝရဘုရားသည်လည်း ယေရုရှလင်မြို့ကို ကယ်တော်မူနိုင်သည်ဟု သင်တို့အဘယ်ကြောင့် ထင်မှတ်ကြပါသနည်း'' ဟုဆို၏။-
ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
ယခုသင်တို့အားဟေဇကိမလှည့်စားမဖြား ယောင်းစေနှင့်။ သူ၏စကားကိုသင်တို့မယုံ ကြစေနှင့်။ အဘယ်တိုင်းနိုင်ငံ၏ဘုရားမျှ မိမိ၏လူတို့အားအာရှုရိဧကရာဇ်၏လက် မှကယ်နိုင်ခဲ့ဘူးသည်မရှိ။ သို့ဖြစ်၍သင်တို့ ၏ဘုရားသည်လည်းအမှန်ပင်သင်တို့အား မကယ်နိုင်'' ဟုပြောကြားစေလေသည်။
သူတို့သည်ယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကိုလူတို့လက်ဖြင့်ပြုလုပ်သောရုပ်တု များဖြစ်သည့်အခြားလူမျိုးတို့၏ဘုရား များနှင့်တန်းတူထား၍ပြောဆိုကြ၏။
ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။
အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
သူယုတ်မာသည်ထာဝရဘုရားကိုဂရုမစိုက်တတ်။ သူသည်မာနထောင်လွှားလျက်ဘုရားသခင်မရှိဟု အစဉ်ယူဆတတ်၏။
ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
``သို့ရာတွင်ယုဒပြည်တွင်ကျန်ရစ်သူတို့၊ သင်တို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားမထောင်ဘဲ ဤပြည် တွင်နေထိုင်ရန်မငြင်းဆန်ရကြ။ `ငါတို့ သည်ဤပြည်တွင်မနေလို။-
ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
ယခုသင်တို့သည်တံပိုးခရာ၊ ပလွေ၊ စောင်း ငယ်၊ ပတ်သာ၊ စောင်းကြီးနှင့်အခြားတူရိ ယာများတီးမှုတ်သံကိုကြားသည်နှင့်တစ် ပြိုင်နက်ရွှေရုပ်ကြီးကိုဦးညွှတ်ရှိခိုးကြ လော့။ အကယ်၍ရှိမခိုးကြပါကသင်တို့ သည်ပြင်းစွာအလျှံထလျက်နေသောမီး ဖိုထဲသို့ချက်ချင်းပစ်ချခြင်းကိုခံရ ကြလတ္တံ့။ သင်တို့အားကယ်နိုင်မည့်ဘုရား ရှိသည်ဟုသင်တို့ထင်မှတ်ကြသလော'' ဟုမိန့်တော်မူ၏။
သူတို့သည်လည်းခမည်းတော်ကိုမသိ၊ ငါ့ ကိုလည်းမသိကြသောကြောင့်ဤသို့သင် တို့အားပြုကြလိမ့်မည်။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-