ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
တိမ် တိုက် သည် စံ ရာ တော် မှ တက် သော အ ခါ ဣ သ ရေ လ အ မျိုး သား တို့ ခ ရီး သွား မြဲ သွား ကြ ၏။
ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုးတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
အစ္စရေးအမျိုးသားတို့သည် သူတို့၏ခရီးလမ်းတစ်လျှောက်လုံးတွင် ကိန်းဝပ်တော်မူရာတဲတော်အပေါ်မှ မိုးတိမ်ကွာသောအခါ ခရီးပြုကြ၏။
သို့ရာတွင်ကိုယ်တော်၏ကရုဏာတော်သည် ကြီးမားတော်မူသည်ဖြစ်၍၊ ကိုယ်တော်သည်သူတို့အားသဲကန္တာရတွင် စွန့်တော်မမူပါ။ နေ့အချိန်၌သူတို့အားလမ်းပြပို့ဆောင်သည့် မိုးတိမ်တိုက်ကိုလည်းကောင်း၊ ညဥ့်အချိန်သူတို့၏လမ်းခရီးကိုထွန်းလင်း စေသည့် မီးတိမ်တိုက်ကိုလည်းကောင်းရုပ်သိမ်းတော် မမူပါ။
ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
နေ့အချိန်၌ကိုယ်တော်သည်မိုးတိမ်တိုက် အားဖြင့်လည်းကောင်း၊ တစ်ညပတ်လုံးမီးအလင်းရောင် အားဖြင့်လည်းကောင်းသူတို့အားလမ်းပြ ပို့ဆောင်တော်မူ၏။
မိုးတိမ်အထက်သို့တက်သည့်အခါတိုင်းဣသရေလအမျိုးသားတို့သည် စခန်းဖြုတ်၍မိုးတိမ်သက်ဆင်းသည့်နေရာတွင်တစ်ဖန်စခန်းချကြ၏။-
တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။-
ညီအစ်ကိုတို့၊ မောရှေဦးဆောင်သောငါတို့၏ ဘိုးဘေးများအကြောင်းကိုသတိရစေလို၏။ သူတို့သည်မိုးတိမ်၏အကွယ်အကာရ၍ ပင်လယ်နီကိုဘေးမဲ့လုံခြုံစွာဖြတ်သန်းခဲ့ ကြ၏။-