Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 40:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ခရီးလမ်း​တစ်လျှောက်လုံး​တွင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​မှ မိုးတိမ်​ကွာ​သောအခါ ခရီးပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​မှ မိုး​တိမ်​တိုက်​အ​ထက်​သို့​တက်​ခွာ​သော​အ​ခါ မှ​သာ ရှေ့​စ​ခန်း​သို့​ခ​ရီး​ထွက်​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 တိမ် တိုက် သည် စံ ရာ တော် မှ တက် သော အ ခါ ဣ သ ရေ လ အ မျိုး သား တို့ ခ ရီး သွား မြဲ သွား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​လေ​ရာ​ရာ​တွင်၊ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ ကွာ​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 40:36
11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။


ကိုယ်တော်​သည် သူ​တို့​ကို​အုပ်မိုး​ရန် မိုးတိမ်​ကို​လည်းကောင်း​၊ ညအချိန်​တွင် အလင်းပေး​ရန် မီး​ကို​လည်းကောင်း ဖြန့်​ထား​တော်မူ​၏​။


နေ့​အချိန်​၌ မိုးတိမ်​အားဖြင့်​လည်းကောင်း​၊ ညအချိန်​၌ တစ်ညလုံး မီး​အလင်းရောင်​အားဖြင့်​လည်းကောင်း သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။


မိုးတိမ်​သည် တဲ​တော်​အပေါ်​မှ ကွာ​သည့်​အခါ အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​၏​။ မိုးတိမ်​ရပ်တန့်​သည့်​နေရာ​တွင် အစ္စရေး​အမျိုးသား​တို့ စခန်းချ​ကြ​၏​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​သည် နှစ်​ရက်​ဖြစ်စေ​၊ တစ်​လ​ဖြစ်စေ​၊ တစ်​နှစ်​ဖြစ်စေ တည်​နေ​သောအခါ​လည်း ရှိ​၏​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ စခန်းချ​ကြ​၏​။ မိုးတိမ်​ကွာ​သောအခါ​မှ ခရီးပြု​ကြ​၏​။


ညီအစ်ကို​တို့၊ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုးဘေး​များ​အားလုံး​သည် မိုးတိမ်​အောက်၌​ရှိ​ခဲ့​၍ အားလုံး​သည် ပင်လယ်​ကို ဖြတ်ကျော်​ခဲ့​ကြ​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ