ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်း ပိုး၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံးတို့ကို လည်းကောင်း၊ ရွှေအင်တုံနှင့်အောက်ခုံကိုလည်း ကောင်း၊-
ပူ ဇော် ရာ ကြေး ပ လ္လင် တော် မှ စ၍ ကြေး ရာ ဇ မတ်၊ ထမ်း ပိုး၊ အ သုံး အ ဆောင် ရှိ သ မျှ အင် တုံ နှင့် အောက် ခြေ များ ကို လည်း ကောင်း၊
ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းပိုးအစရှိသော တန်ဆာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် သူ၏ခြေထောက်ကိုလည်းကောင်း၊
ကြေးနီယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက်ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
တဲတော်ဝင်းအတွက်ကန့်လန့်ကာများ၊ တိုင် များနှင့်အောက်ခြေခံများ၊ တဲတော်ဝင်း တံခါးဝအတွက်ကန့်လန့်ကာနှင့်ကြိုးများ၊ တဲတော်ကြက်ဆူးများကိုလည်းကောင်း၊ ထာဝရဘုရားစံတော်မူရာတဲတော် အတွင်းဆောင်ရွက်ခြင်းဆိုင်ရာပစ္စည်းရှိ သမျှကိုလည်းကောင်း၊-