``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
ထွက်မြောက် 39:37 - Common Language Bible ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊- Garrad Bible ရွှေ စင် မီး ခုံ တော်၊ ခင်း ကျင်း ရန် မီး ခွက် မှ စ၍ ကိ ရိ ယာ တန် ဆာ ရှိ သ မျှ နှင့် မီး ပူ ဇော် ရန် ဆီ ကို လည်း ကောင်း၊ Judson Bible စင်ကြယ်သောမီးခုံမှစ၍၊ ပြင်ဆင်ရသောမီးခွက်များ၊ မီးခုံတန်ဆာရှိသမျှနှင့် မီးထွန်းစရာဆီကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊ |
``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။-
အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။