ထွက်မြောက် 25:31 - Common Language Bible31 ``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible31 မီး ခုံ တော် ကို လည်း ရွှေ စင် နှင့် လုပ်၍ ခြေ၊ တိုင် အ စ ရှိ သော ပန်း၊ ပွင့် ပတ်၊ ပွင့် ချပ် များ ကို တစ် ဆက် တည်း ထု လုပ် လော့။ အခန်းကိုကြည့်ပါ။Judson Bible31 မီးခုံကိုလည်း ရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစ်စပ်တည်းထုရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။