ထွက်မြောက် 39:29 - Common Language Bible အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။- Garrad Bible ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး သော ခါး ပန်း ကို လည်း ကောင်း ရက် လုပ် လေ ၏။ Judson Bible ချယ်လှယ်သောပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကိုလည်းကောင်း လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။ |
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-