ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
ထွက်မြောက် 39:28 - Common Language Bible ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊ Garrad Bible တင့် တယ် သော လျှော် ချည် ဦး ရစ် များ ကို လည်း ကောင်း၊ ပိုး လျှော် ပေါင်း ဘီ များ ကို လည်း ကောင်း၊ Judson Bible ပိတ်ချောဗောင်းကိုလည်းကောင်း၊ တင့်တယ်သော ပိတ်ချော ဦးထုပ်များကိုလည်းကောင်း၊ ပိတ်ချော ဘောင်းဘီများကိုလည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း ပိတ်ချောထည်ခေါင်းပေါင်း၊ ပိတ်ချောထည်ဦးထုပ်များ၊ ပိတ်ချောထည်ဘောင်းဘီများ၊ |
ဦးခေါင်းစွပ်ရန်လည်ပေါက်ရှိစေရမည်။ ထို လည်ပေါက်မစုတ်ပြဲစေရန်ပတ်လည်နားကို ရက်ထည်ဖြင့်ကွပ်ထားရမည်။-
``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
``အာရုန်၏သားများဝတ်ဆင်ရန်ထည်ဝါခန့် ညားသောအင်္ကျီ၊ ခါးပန်းနှင့်ဦးထုပ်ရှည်များ ကိုချုပ်ပေးရမည်။-
သူတို့၏အရှက်လုံရန်ခါးမှပေါင်အထိရှည် သောအတွင်းခံဘောင်းဘီတိုများချုပ်ပေး ရမည်။-
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-