Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 28:32 - Common Language Bible

32 ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ဝတ် လုံ ၌ ခေါင်း စွပ် ပေါက် ပါ သည် နှင့် မ စုတ် စေ ခြင်း ငှါ သင် တိုင်း လည် ခွံ ကဲ့ သို့ ရက်၍ ကွပ် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ဝတ်​လုံ၌​လည်​စွပ်​ပါ၍ လည်​စွပ်​ကို မ​စုတ်​စေ​ခြင်း​ငှာ၊ သံ​ချပ်​လည်​စွပ်​ကွပ်​သ​ကဲ့​သို့၊ ရက်​သော​အ​ထည်​နှင့် ကွပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဝတ်လုံ​၌ ခေါင်း​စွပ်​ရန် လည်ပင်းပေါက်​ရှိ​ရ​မည်​။ ထို​လည်ပင်းပေါက်​ပတ်ပတ်လည်​၌ အနားပတ်​ရှိ​ရ​မည်​။ လည်ပင်းပေါက်​မ​စုတ်​မ​ပြဲ​စေရန် သံချပ်အင်္ကျီ​လည်ပင်းပေါက်​ကဲ့သို့ ထို​အနားပတ်​ကို ရက်လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 28:32
9 ပူးပေါင်းရင်းမြစ်များ  

သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။-


ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-


သူ့ကိုတိုက်လျှင်ထားမခိုင်တတ်။ လှံ၊ မြှား၊ သံချပ်မခိုင်တတ်။


``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-


ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-


ထို​ဝတ်​ရုံ​၏​လည်​စွပ်​ကို​မ​စုတ်​မ​ပြဲ​စေ​ရန် ရက်​ထည်​ဖြင့်​အ​နား​ကွပ်​ထား​သည်။-


ခေါင်း​ပေါင်း၊ ဦး​ထုပ်၊ ပိတ်​ချော​ဘောင်း​ဘီ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ