ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
ထွက်မြောက် 39:21 - Common Language Bible ထာဝရဘုရားကမောရှေအားမိန့်တော် မူသည့်အတိုင်း၊ ရင်ဖုံးမှကွင်းများကိုသင် တိုင်းမှကွင်းများနှင့်ကြိုးပြာဖြင့်ချည် ထားသဖြင့်၊ ရင်ဖုံးသည်လျှောမကျဘဲ ရင်စည်းထက်တွင်တည်မြဲနေ၏။ Garrad Bible ရင် လွှမ်း ကို ကိုယ် ဝတ် ရင် စည်း အ ပေါ်၌ တင် လျက် ကိုယ် ဝတ် မှ မ ကွာ စေ ရန် ရင် လွှမ်း ကွင်း နှင့် ကိုယ် ဝတ် ကွင်း များ ကို ကြိုး ပြာ ဖြင့် ချည် ထား ၏။ Judson Bible ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသောရင်စည်းအပေါ်မှာဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထား၏။ |
ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
ရင်စည်းကိုလည်းအလားတူပစ္စည်းတို့ဖြင့်ချုပ် လုပ်၍ သင်တိုင်းနှင့်တစ်ဆက်တည်းဖြစ်စေရမည်။-
သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။-
သူတို့သည်သင်တိုင်းအပေါ်တွင်ဝတ်ရသော ဝတ်ရုံတစ်ခုလုံးကို သိုးမွေးအပြာဖြင့်ရက် လုပ်ကြ၏။-
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-