Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 39:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ရင်ခံပြား​ကို ဧဖုဒ်​မှ​မ​ကွာ​စေ​ဘဲ ဧဖုဒ်​၏​ခါးပတ်ပြား အထက်​၌​ရှိ​နေ​စေရန် ထို​ရင်ခံပြား​၏​ကွင်း​များ​နှင့် ဧဖုဒ်​၏​ကွင်း​များ​ကို အပြာရောင်​ကြိုး​ဖြင့်​တွဲချည်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​မိန့်​တော် မူ​သည့်​အ​တိုင်း၊ ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင် တိုင်း​မှ​ကွင်း​များ​နှင့်​ကြိုး​ပြာ​ဖြင့်​ချည် ထား​သ​ဖြင့်၊ ရင်​ဖုံး​သည်​လျှော​မ​ကျ​ဘဲ ရင်​စည်း​ထက်​တွင်​တည်​မြဲ​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ရင် လွှမ်း ကို ကိုယ် ဝတ် ရင် စည်း အ ပေါ်၌ တင် လျက် ကိုယ် ဝတ် မှ မ ကွာ စေ ရန် ရင် လွှမ်း ကွင်း နှင့် ကိုယ် ဝတ် ကွင်း များ ကို ကြိုး ပြာ ဖြင့် ချည် ထား ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို၊ သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရင်​ဖုံး​သည် ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​မှာ​ဆွဲ၍ သင်​တိုင်း​နှင့် မ​ကွာ​ဘဲ အ​မြဲ​နေ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 39:21
7 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဘုရားသခင်​သည် ပညာရှိ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ မိုက်မဲ​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ခွန်အားကြီး​သော​သူ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ အားနည်း​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။


အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​၏​မိုက်မဲ​ခြင်း​သည် လူ​တို့​၏​ပညာရှိ​ခြင်း​ထက် ပညာရှိ​၏။ ဘုရားသခင်​၏​အားနည်း​ခြင်း​သည် လူ​တို့​ထက် ခွန်အားကြီး​၏။


ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။


ဧဖုဒ်​နှင့်​ရင်ခံပြား​အတွက် မဟူရာကြောင်ဝင်​ကျောက်​များ​နှင့်​စီခြယ်စရာ​ကျောက်​များ စသည်​တို့​ဖြစ်​ကြ​၏​။


ဧဖုဒ်​ပေါ်ရှိ ခါးပတ်ပြား​ကို​လည်း ဧဖုဒ်​လုပ်​သကဲ့သို့ပင် ရွှေ​ချည်​၊ အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့် ချုပ်လုပ်​ရ​မည်​။


နောက်ထပ် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​လုပ်​၍ ဧဖုဒ်​ရှေ့ဘက်ခြမ်း​ပခုံးသိုင်းကြိုး​နှစ်​ချောင်း​၏​အောက်​ဘက်​၊ ဧဖုဒ်​၏​ခါးပတ်ပြား​ဆက်​ရာ​ပေါ်၌ တပ်​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဧဖုဒ်​အောက်​ရှိ​ဝတ်လုံ​ကို အပြာရောင်​ချည်​သက်သက်​ဖြင့် ရက်​လုပ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ