ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
ထွက်မြောက် 38:31 - Common Language Bible တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။ Garrad Bible ပတ် လည် ရှိ တံ တိုင်း အောက် ခံ ခုံ၊ တံ တိုင်း တံ ခါး အောက် ခံ ခုံ များ နှင့် စံ ရာ တော် ကြက် ဆူး၊ တံ တိုင်း ကြက် ဆူး ရှိ သ မျှ ကို လည်း ကောင်း ထို ကြေး နှင့် လုပ် လေ ၏။ Judson Bible ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌စိုက်သော တံသင်ရှိသမျှကိုလည်းကောင်း လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဝင်းပတ်ပတ်လည်အတွက် အောက်ခံအစွပ်နှင့် ဝင်းတံခါးအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာတဲတော်၏ငုတ်တိုင်ရှိသမျှနှင့် ဝင်းပတ်ပတ်လည်၏ငုတ်တိုင်ရှိသမျှကိုလည်းကောင်း လုပ်၏။ |
ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။