ထွက်မြောက် 38:25 - Common Language Bible သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။- Garrad Bible ရေ တွက် စု ရုံး ပြီး ပ ရိ သတ် ပေး သော ငွေ ချိန် ပေါင် ကား ကျပ် ချိန် တော် အ လိုက် အ ခွက် သုံး ထောင့် ဆယ့် ခု နစ် ပိဿာ၊ ခု နစ် ဆယ့် ငါး ကျပ် ဖြစ် ၏။ Judson Bible စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တစ်ထောင်နှင့် တစ်ဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း စာရင်းဝင်သောလူထုတို့ ပေးလှူသောငွေသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ တစ်ရာတာလန် တစ်ထောင့်ခုနစ်ရာခုနစ်ဆယ့်ငါးရှယ်ကယ်ဖြစ်၏။ |
``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။-
``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-