ထွက်မြောက် 38:23 - Common Language Bible သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။ Garrad Bible သူ နှင့် အ တူ ပန်း ပု အ လုပ်၊ လက် မြောက် သော အ လုပ်၊ လျှော် ချည် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် ပန်း ထိုး အ လုပ် ကို တတ် စွမ်း နိုင် သော ဒန့် အ နွယ်၊ အ ဟိ သ မက် သား အ ဟော လျ ဘ လည်း ရှိ၏။ Judson Bible ထိုမှတစ်ပါး၊ ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သားအဟောလျဘလည်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သားအဟောလျဘသည်လည်း သူနှင့်အတူ လုပ်၏။ အဟောလျဘသည် လက်မှုအတတ်၊ ပုံဖော်သောအတတ်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့် ပိတ်ချောထည်ပေါ်တွင် ပန်းထိုးသောအတတ်တို့ကို ကျွမ်းကျင်သူဖြစ်၏။ |
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
ထာဝရဘုရားသည်သူ့အားလည်းကောင်း၊ ဒန်အနွယ်မှအဟိသမက်၏သားအဟော လျဘအားလည်းကောင်း၊ မိမိတို့၏အတတ် ပညာကိုအခြားသူတို့အားသင်ပေးနိုင် စွမ်းပေးထားတော်မူ၏။-
``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။