ထွက်မြောက် 34:1 - Common Language Bible ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ ထက် ကျောက် နှစ် ပြား နှင့် အ လား တူ အ ခြား ကျောက် နှစ် ပြား ကို ဆစ် လော့။ သင် ချိုး ဖဲ့ သော အ ထက် ကျောက် ပြား၌ ပါ သည့် မူ အ တိုင်း ငါ ရေး တင် ဦး မည်။ Judson Bible တစ်ဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကိုခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခင်ကျောက်ပြားတို့နှင့်တူသောကျောက်ပြားနှစ်ချပ်ကို သင်ထုဆစ်လော့။ သင်ချိုးဖျက်လိုက်သော ယခင်ကျောက်ပြားတို့၌ပါသည့် နှုတ်ကပတ်တော်အတိုင်း ထိုကျောက်ပြားတို့ပေါ်၌ ငါအက္ခရာတင်ထားမည်။ |
ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
မောရှေသည်စခန်းအနီးသို့ရောက်ရှိသော အခါ၊ နွားငယ်ရုပ်ကိုလည်းကောင်း၊ လူများ ကခုန်နေသည်ကိုလည်းကောင်း၊ တွေ့မြင်ရ လျှင်၊ အလွန်အမျက်ထွက်သဖြင့်၊ သူယူ ဆောင်ခဲ့သောကျောက်ပြားများကိုတောင် ခြေရင်း၌ပစ်ချလိုက်ရာအပိုင်းပိုင်းကျိုး ကုန်၏။-
မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-