ထွက်မြောက် 34:28 - Common Language Bible28 မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 မော ရှေ သည် ရေ စာ ကို မျှ မ စား မ သောက် ဘဲ ထို အ ရပ် မှာ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး ထာ ဝ ရ ဘု ရား အ ထံ တော်၌ နေ လျက် ကျောက် ပြား ပေါ် တွင် ပ ဋိ ညာဉ် တော် ချက်၊ ပ ညတ် တော် ဆယ် ပါး ကို ရေး ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 မောရှေသည် အစာကိုမစား၊ ရေကိုလည်းမသောက်ဘဲ ထိုအရပ်၌ ထာဝရဘုရားနှင့်အတူ နေ့ပေါင်းလေးဆယ်၊ ညပေါင်းလေးဆယ်နေလျက် ကျောက်ပြားများအပေါ်၌ ပညတ်တော်ဆယ်ပါးတည်းဟူသော ပဋိညာဉ်ပါအချက်များကို ရေးသားလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-