ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
ထွက်မြောက် 33:20 - Common Language Bible ငါ့ကိုမြင်သောသူသည်အသက်မရှင်နိုင် သောကြောင့်၊ သင့်အားငါ၏မျက်နှာကိုဖူး မြင်ခွင့်မပေး။- Garrad Bible သင် သည် ငါ့ မျက် နှာ ကို မ ဖူး ရာ။ ဖူး မြင် သူ လူ သ တ္တ ဝါ ကား၊ အ သက် မ ရှင် ရ ဟူ၍ လည်း ကောင်း မိန့် တော် မူ ၏။ Judson Bible သို့ရာတွင် သင်သည်ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသော လူတစ်စုံတစ်ယောက်မျှမရှိ ဟူ၍လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။ |
ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် ဣသရေလအမျိုးသားခေါင်းဆောင်ခုနစ် ဆယ်တို့သည် တောင်ပေါ်သို့တက်၍၊-
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။
ထိုနောက်မှငါ၏လက်တော်ကိုရုပ်သိမ်းသ ဖြင့်၊ သင်သည်ငါ၏ကျောကိုဖူးမြင်ရမည်။ ငါ၏မျက်နှာကိုမူကားမဖူးရ'' ဟုမိန့် တော်မူ၏။
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
`အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။-
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
ဘုရားသခင်က၊ ``သင့်ရန်သူများကိုသင်၏ခြေဖဝါးအောက်သို့ ငါမရောက်စေမီကာလအတွင်း၊ ငါ၏လက်ယာဘက်တွင်ထိုင်နေလော့'' ဟုအဘယ်ကောင်းကင်တမန်ကိုမျှမိန့်တော် မမူခဲ့ဘူးပါ။
မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
ထိုအခါဂိဒေါင်သည်မိမိတွေ့ရှိခဲ့သူမှာ ထာဝရဘုရား၏ကောင်းကင်တမန်ပင်ဖြစ် ကြောင်းသိလေလျှင် ကြောက်လန့်လျက်ဤသို့ ဆို၏။ ``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ် သည်ကိုယ်တော်၏ကောင်းကင်တမန်နှင့်မျက် နှာချင်းဆိုင်တွေ့မြင်ရပါပြီတကား'' ဟုလျှောက်လေသည်။