ထွက်မြောက် 33:18 - Common Language Bible18 ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဘုန်း တော် ကို ပြ တော် မူ ပါ ဟု လျှောက် တောင်း ပြန် လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible18 တစ်ဖန်တုံ၊ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အားပြတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟုလျှောက်လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ မောရှေက “ကိုယ်တော်၏ဘုန်းအသရေတော်ကို အကျွန်ုပ်အား ပြတော်မူပါ”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။