တရားဟော 5:24 - Common Language Bible24 `အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ၏အသံတော်ကိုမီးထဲမှကြားရသဖြင့် အကျွန်ုပ်တို့အားထာဝရဘုရားက မိမိ ၏ဘုန်းတန်ခိုးတော်ကိုထင်ရှားပြသတော် မူပါပြီ။ ဘုရားသခင်သည်လူသားအား စကားပြောသော်လည်း လူသားသည်မသေ ဘဲအသက်ရှင်နေနိုင်ကြောင်းကိုအကျွန်ုပ် တို့ယနေ့သိမြင်ရကြပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible24 ဘုန်း တန် ခိုး တော် ကို ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ သည့် အ လျောက်၊ ကျွန် တော် တို့ သည် မီး အ လယ် မှ ဗျာ ဒိတ် တော် သံ ကို ကြား ရ သည့် ပြင်၊ လူ သ တ္တ ဝါ အား ဘု ရား သ ခင် မိန့် မြွက် တော် မူ သော် လည်း အ သက် ချမ်း သာ ရ ကြောင်း၊ ယ နေ့ သိ မြင် ရ ကြ ပေ ၏။ အခန်းကိုကြည့်ပါ။Judson Bible24 အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ‘ကြည့်ပါလော့၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိ၏ဘုန်းအသရေတော်နှင့် မိမိ၏ကြီးမြတ်တော်မူခြင်းတို့ကို အကျွန်ုပ်တို့အား ပြသတော်မူပြီ။ မီးထဲမှအသံတော်ကိုလည်း အကျွန်ုပ်တို့ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်စကားပြောသော်လည်း လူသည် အသက်ချမ်းသာရာရကြောင်းကို ယနေ့ အကျွန်ုပ်တို့သိမြင်ရပါပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-