``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
ကျပ် ချိန် တော် အ လိုက် နံ့ သာ မျိုး အ ထူး အ မြတ် တည်း ဟူ သော မု ရန် ဆီ ငါး ပိဿာ၊ မွှေး သော သစ် ကြံ ပိုး နှစ် ပိဿာ ငါး ဆယ်၊ မွှေး သော စ ပါး လင် နှစ် ပိဿာ ငါး ဆယ်၊ က ရ မက် ငါး ပိဿာ၊ သံ လွင် ဆီ လေး ပိဿာ များ ကို ယူ၍၊
သင်သည်မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သောမုရန်စေး အကျပ်ငါးရာ၊ မွှေးသောသစ်ကြံပိုး နှစ်ရာငါးဆယ်၊ မွှေးသောကြံ နှစ်ရာငါးဆယ်၊
“သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ်၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊ မွှေးကြိုင်သောခါနဲ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊
ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။-
အချို့သူတို့မှာသန့်ရှင်းရာဌာနတော်ဆိုင် ရာအသုံးအဆောင်တန်ဆာများ၊ မုန့်ညက်၊ စပျစ်ရည်၊ သံလွင်ဆီ၊ လော်ဗန်နှင့်နံ့သာ မျိုးတို့ကိုကြည့်ရှုသိမ်းဆည်းရန်တာဝန် ယူရကြ၏။-
သို့ရာတွင်နံ့သာမျိုးတို့ကိုပေါင်းစပ်ရော နှောသည့်အလုပ်မှာမူ ယဇ်ပုရောဟိတ်တို့ ၏တာဝန်ဖြစ်ပေသည်။
အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
ထာဝရဘုရားကမောရှေအား၊-
ကရမက်တစ်ဆယ့်နှစ်ပေါင်စသည့်အကောင်းဆုံး အမွှေးအကြိုင်တို့ကို (သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်ရန်) သံလွင်ဆီတစ်ဂါလံနှင့် ရော၍၊-
ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။
မီးခွက်များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာ ပေါင်းအတွက်အမွှေးအကြိုင်နှင့်ဆီတို့ကို လည်းကောင်း၊ ဆက်ကပ်ကြ၏။-
သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။
ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။
သင်တို့သည်ငါ့အားပူဇော်ရန်နံ့သာပေါင်းကို မဝယ်ကြ။ ယဇ်ကောင်ဆီဥနှင့်လည်းငါ့အားမရောင့်ရဲစေကြ။ ယင်းသို့ပြုမည့်အစားသင်တို့သည်မိမိတို့ အပြစ်များဖြင့်ငါ့ကိုဝန်လေးစေကြ၏။ မိမိတို့ပြုသည့်အမှားများဖြင့်ငါ့ကို ငြီးငွေ့စေကြလေပြီ။
ရှေဘပြည်မှသူတို့ယူဆောင်လာသောလော်ဗန် ကိုသော်လည်းကောင်း၊ ဝေးလံရပ်ခြားမှယူဆောင် လာသည့်နံ့သာပေါင်းကိုသော်လည်းကောင်းငါ အလိုမရှိ။ သူတို့၏ပူဇော်သကာများကိုငါ လက်မခံ၊ သူတို့ယဇ်ပူဇော်ခြင်းများကိုငါ မနှစ်သက်'' ဟုမိန့်တော်မူ၏။-
ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။-
ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။
ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-