ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
ထွက်မြောက် 25:23 - Common Language Bible ``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။- Garrad Bible အ လျား နှစ် တောင်၊ အ နံ တစ် တောင်၊ အ မြင့် တစ် တောင့် ထွာ ရှိ သော စား ပွဲ တော် ကို လည်း ရှား သား နှင့် လုပ်၍ ရွှေ စင် မွမ်း မံ လျက်၊ Judson Bible အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့်လုပ်၍၊ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှားသစ်သားဖြင့်လုပ်၍ |
ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-
ရှောလမုန်မင်းသည်ဗိမာန်တော်အတွက် ရွှေ ဖြင့်ပြီးသောအသုံးအဆောင်များကိုပြု လုပ်စေတော်မူ၏။ ထိုအရာများမှာရွှေယဇ် ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲများ၊-
စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
ထိုပစ္စည်းများအားလုံးတို့ကိုအနီထည် ဖြင့်ဖုံးအုပ်၍ ထိုအနီထည်ပေါ်တွင်နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ရမည်။ ထို နောက်ထမ်းပိုးများကိုကွင်းများတွင် လျှိုထားရမည်။
လူတို့သည်သန့်ရှင်းရာဌာနတော်ဟုခေါ်သော အပြင်တဲတော်အဆောင်ကိုတည်ဆောက်ကြ၏။ ထိုတဲတွင်မီးတင်ခုံကိုလည်းကောင်း၊ ဘုရား သခင်အားဆက်ကပ်သောမုန့်နှင့်စားပွဲကို လည်းကောင်းတွေ့ရ၏။-