အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
ထွက်မြောက် 25:21 - Common Language Bible သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။- Garrad Bible အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို သေ တ္တာ တော် ပေါ် မှာ တင်၍ ငါ ပေး လ တ္တံ့ သော သက် သေ တော် ကို လည်း ထည့် လော့။ Judson Bible သေတ္တာအဖုံးကို သေတ္တာပေါ်မှာတင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။ မြန်မာ့စံမီသမ္မာကျမ်း ကရုဏာတော်ပလ္လင်ကို သေတ္တာပေါ်တွင်တင်ရမည်။ သင့်အားငါပေးအပ်မည့်သက်သေခံချက်ကို သေတ္တာထဲတွင်ထားရမည်။ |
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာသောအခါ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူရာသိနာတောင် ၌မောရှေထည့်ထားခဲ့သည့်ကျောက်ပြားနှစ် ချပ်မှလွဲ၍ အခြားအဘယ်အရာမျှ ပဋိညာဉ်သေတ္တာတော်ထဲတွင်မရှိ။
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
ထာဝရဘုရားကမောရှေကို မိန့်ကြားသည့် အတိုင်း အာရုန်သည်ထိုအိုးကိုသိမ်းဆည်း ထားရန်အတွက်ပဋိညာဉ်သေတ္တာရှေ့တွင် ချထားလေ၏။-
ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။-
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။-
မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။
ခရစ်တော်သည်ပညတ်တရားကိုအဆုံး သတ်စေတော်မူပြီဖြစ်ရာယုံကြည်သူအပေါင်း တို့သည် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် မှုကိုရရှိကြပြီ။
ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''