ထွက်မြောက် 40:20 - Common Language Bible20 ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။- အခန်းကိုကြည့်ပါ။Garrad Bible20-21 မော ရှေ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း သက် သေ တော် ကို သေ တ္တာ တော် တွင် ထည့်၍ ထမ်း ပိုး များ ကို လျှို လျက် သေ တ္တာ တော် ပေါ် မှာ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို တင် ပြီး လျှင် စံ ရာ တော်၌ သွင်း ထား ၍ ကန့် လန့် ကာ ကို ကာ သ ဖြင့် သက် သေ တော် သေ တ္တာ ကို ကွယ် ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာကွင်းတို့၌ ထမ်းပိုးကိုလျှို၍၊ သေတ္တာပေါ်အဖုံးကိုတင်ပြီးမှ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သက်သေခံချက်ကိုယူ၍ သေတ္တာထဲထည့်၏။ သေတ္တာကွင်း၌ ထမ်းပိုးများကိုလျှို၍ သေတ္တာပေါ်၌ ကရုဏာတော်ပလ္လင်ကိုတင်၏။ အခန်းကိုကြည့်ပါ။ |
ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။
ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။