ဝတ်ပြု 16:13 - Common Language Bible13 ထိုနောက်ထာဝရဘုရား၏ရှေ့တော်တွင် နံ့သာကိုမီးခဲပေါ်၌ဖြူးရမည်။ နံ့သာ မှထွက်သောမီးခိုးသည်ပဋိညာဉ်သေတ္တာ ဖုံးကိုကွယ်ထားသဖြင့် သူသည်အဖုံးကို မမြင်နိုင်သောကြောင့်အသက်ချမ်းသာ ရာရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible13 သေ ဘေး ကင်း လွတ် ရန် သက် သေ တော် ပေါ် ရှိ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ကို နံ့ သာ ပေါင်း တိမ် တိုက် ဖုံး အုပ် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား ရှေ့ မီး ပေါ် တွင် နံ့ သာ ပေါင်း ဖြူး ပြီး နောက်၊ အခန်းကိုကြည့်ပါ။Judson Bible13 ထိုအခါသူသည် သေဘေးနှင့်ကင်းလွတ်မည်အကြောင်း၊ နံ့သာပေါင်းအခိုးအငွေ့သည် သက်သေခံချက်အပေါ်မှာရှိသော သေတ္တာအဖုံးကို မွှန်းစေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို မီးပေါ်မှာတင်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သူမသေရမည့်အကြောင်း သက်သေခံချက်ပေါ်ရှိ ကရုဏာတော်ပလ္လင်ကို နံ့သာပေါင်း၏မီးခိုးငွေ့ဖြင့် ဖုံးလွှမ်းစေရန် နံ့သာပေါင်းကို ထာဝရဘုရားရှေ့တော်ရှိ မီးပေါ်၌ တင်ထားရမည်။ အခန်းကိုကြည့်ပါ။ |
အာရုန်နှင့်သူ၏သားတို့သည်ငါစံတော်မူ ရာတဲတော်ထဲသို့ဝင်သည့်အခါ၌ဖြစ်စေ၊ သန့်ရှင်းရာဌာန၌ယဇ်ပုရောဟိတ်အမှုကို ဆောင်ရန်ပလ္လင်နားသို့ချဉ်းကပ်သည့်အခါ၌ ဖြစ်စေ၊ အရှက်ပေါ်၍အသက်မသေစေအံ့ ငှာထိုဘောင်းဘီတိုများကိုဝတ်ဆင်ရမည်။ ဤပညတ်ကိုအာရုန်နှင့်သူ၏အဆက် အနွယ်တို့အမြဲစောင့်ထိန်းရမည်။
မောရှေကအာရုန်အား``သင်၏မီးကျီးခဲ များကိုယူ၍ထည့်ပြီးလျှင်နံ့သာပေါင်း ကိုမီးကျီးခဲပေါ်တွင်တင်လော့။ ထိုနောက် မီးကျီးခံအိုးကိုလူအပေါင်းတို့ထံသို့ အလျင်အမြန်ယူဆောင်သွားပြီးလျှင်သူ တို့အတွက်သန့်စင်ခြင်းဝတ်ကိုပြုလော့။ ထာဝရဘုရားသည်သူတို့ကိုအမျက် ထွက်သဖြင့်သူတို့တွင်ရောဂါဆိုက်ရောက် စေပြီ'' ဟုဆိုလေ၏။-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။