``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
အ လျား နှစ် တောင့် ထွာ၊ အ နံ တစ် တောင့် ထွာ၊ အ မြင့် တစ် တောင့် ထွာ ရှိ သော သေ တ္တာ တော် ကို ရှား သား နှင့် လုပ်၍၊
အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို၊ အကာရှသားနှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံရမည်။
သူတို့သည် အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသော သေတ္တာကို အကေရှားသစ်သားဖြင့်လုပ်၍
ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
ပဋိညာဉ်သေတ္တာတော်နှင့်ထမ်းပိုးတန်းများ၊ သေတ္တာတော်အဖုံး၊ သေတ္တာတော်ကိုကာရံ ထားသောကန့်လန့်ကာ၊-
နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။-
ကန့်လန့်ကာအပေါ်တွင်နူးညံ့သောသားရေ ဖုံးအုပ်ပြန်၍ ထိုအပေါ်တွင်အပြာထည်ကို ထပ်မံ၍အုပ်ရမည်။ ထိုနောက်ထမ်းပိုးများ ကိုကွင်းများတွင်လျှိုသွင်းရမည်။
ထိုဌာနတော်တွင်နံ့သာပေါင်းကိုမီးရှို့ရာရွှေ ပလ္လင်နှင့်ရွှေဖြင့်မွမ်းမံထားသည့်ပဋိညာဉ်သေတ္တာ တော်ရှိ၏။ ထိုသေတ္တာတော်အတွင်း၌မန္နမုန့်ထည့် ထားသည့်ရွှေအိုး၊ အဖူးအညွှန့်ထွက်သည့်အာရုန် ၏လှံတံနှင့်ပညတ်တော်များရေးထားသည့် ကျောက်ပြားနှစ်ပြားရှိ၏။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။