ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
ထွက်မြောက် 24:10 - Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ကို ဖူး မြင် ကြ ရာ ခြေ တော် အောက်၌ ကျောက် ပြား ခင်း ကဲ့ သို့ လည်း ကောင်း၊ ကြည် လင် သော ကောင်း ကင် ပြင် ကဲ့ သို့ လည်း ကောင်း ထင် မြင် ရ လေ ၏။ Judson Bible ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့လည်းကောင်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့လည်းကောင်း ထင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင်ကို ဖူးမြင်ကြ၏။ ခြေတော်အောက်၌ ကောင်းကင်ကဲ့သို့ကြည်လင်သော နီလာကျောက် ခင်းထားသကဲ့သို့ဖြစ်၏။ |
ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။-
မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။
ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။
ငါ့ကိုမြင်သောသူသည်အသက်မရှင်နိုင် သောကြောင့်၊ သင့်အားငါ၏မျက်နှာကိုဖူး မြင်ခွင့်မပေး။-
ထိုနောက်မှငါ၏လက်တော်ကိုရုပ်သိမ်းသ ဖြင့်၊ သင်သည်ငါ၏ကျောကိုဖူးမြင်ရမည်။ ငါ၏မျက်နှာကိုမူကားမဖူးရ'' ဟုမိန့် တော်မူ၏။
ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။
ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။
သုံးဆယ်နှစ်မြောက် စတုတ္ထလ၊ လဆန်းငါးရက်နေ့၌ငါသည် ပြည်နှင်ဒဏ်သင့်သူယုဒအမျိုးသားများနှင့်အတူဗာဗုလုန်ပြည်၊ ခေဗာမြစ်အနီးတွင်နေထိုင်လျက်ရှိစဉ် မိုးကောင်းကင်ကွဲဟ၍ဘုရားသခင်ကိုဗျာဒိတ်ရူပါရုံ၌မြင်ရ၏။-
ငါသည်အသက်ရှင်သောသတ္တဝါ တို့၏ဦးခေါင်းအထက်ရှိလိပ်ခုံးမိုးကိုကြည့် လိုက်ရာ နီလာဖြင့်ပြီးသည့်ရာဇပလ္လင်နှင့် တူသောအရာကိုမြင်ရ၏။-
အကျွန်ုပ်သည်သခင်၏ရှေ့တွင်ရပ်နေသော ကျွန်နှင့်တူပါ၏။ အဘယ်သို့လျှင်အရှင်နှင့် စကားပြောနိုင်ပါမည်နည်း။ အကျွန်ုပ်မှာ အားအင်မရှိ၊ ထွက်သက်ဝင်သက်လည်း မရှိတော့ပါ'' ဟုလျှောက်ထား၏။
သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။-
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
သခင်ယေရှုက ``ဖိလိပ္ပု၊ ငါသည်သင်တို့နှင့် အတူဤမျှကြာအောင်နေခဲ့ပြီးဖြစ်ပါ လျက်ငါ့ကိုသင်မသိပါသလော။ ငါ့ကို တွေ့မြင်ရသူသည်ခမည်းတော်ကိုဖူးမြင် ရ၏။ ခမည်းတော်အားအကျွန်ုပ်တို့ကိုပြ တော်မူပါဟုအဘယ်ကြောင့်ဆိုသနည်း။-
ဤသို့ငါဆိုရာ၌ခမည်းတော်ကိုတွေ့မြင် ဖူးသူတစ်စုံတစ်ယောက်ရှိသည်ဟုမဆိုလို။ ဘုရားသခင်ထံတော်မှကြွလာသူတစ်ဦး တည်းသာလျှင်ခမည်းတော်ကိုတွေ့မြင်ဖူး၏။-
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
အဘယ်သူမျှဘုရားသခင်ကိုမတွေ့မမြင် စဖူး။ သို့ရာတွင်ငါတို့သည်အချင်းချင်းချစ် ကြပါမူ ဘုရားသခင်သည်ငါတို့နှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည်ငါတို့၌ပြည့်ဝစုံလင်ပြီ။
သူသည်လက်ယာလက်ဖြင့်ကြယ်ခုနစ်လုံး ကိုကိုင်၍ထား၏။ သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် လည်းမွန်းတည့်နေကဲ့သို့တောက်ပ၏။-
ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။-
ထိုအရှင်၏မျက်နှာတော်သည်နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့တောက်ပ၏။ ပလ္လင်၏ပတ် လည်တွင်မြရောင်ပြေးနေသောသက်တန့်တည် လျက်ရှိ၏။-