သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထွက်မြောက် 23:22 - Common Language Bible သို့ရာတွင်သင်တို့သည်သူ့စကားကိုနား ထောင်၍ ငါမိန့်မှာသမျှအတိုင်းပြုလုပ်လျှင် ငါသည်သင်တို့၏ရန်သူအပေါင်းကိုတိုက် ခိုက်၍ သင့်အားဆန့်ကျင်သူအပေါင်းကို ဆန့်ကျင်မည်။- Garrad Bible သင် တို့ သည် သူ့ မိန့် သံ ကို နာ ခံ နာ ယူ၍ ငါ မိန့် ဆို သ မျှ အ တိုင်း ပြု ကြ လျှင် သင် တို့ ရန် သူ များ ကို ငါ့ ရန် သူ၊ သင် တို့ ရန် ဘက် များ ကို ငါ့ ရန် ဘက် ပြု မည်။ Judson Bible အကယ်စင်စစ် သင်သည်သူ့စကားကို နားထောင်၍ ငါပညတ်သမျှအတိုင်းပြုလျှင်၊ သင်၏ရန်သူတို့ကို ငါသည်ရန်ဘက်ပြုမည်။ သင့်ကို ဆီးတားသောသူတို့ကိုလည်း ငါဆီးတားမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။ |
သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
ထိုသူအပေါင်းတို့သည်ကြောက်ရွံ့ထိတ်လန့် ကြ၏။ အို ထာဝရဘုရား၊ကိုယ်တော်၏လက်ရုံးတော်၊ တန်ခိုးတော်ကြောင့် ကျွန်ဘဝမှကိုယ်တော်လွတ်မြောက်စေတော် မူသော ကိုယ်တော်၏လူမျိုးတော်ဖြတ်သွားစဉ်သူတို့ သည် ကြောက်ရွံ့၍ကြက်သေသေလျက်နေကြပါ၏။
ငါသည်ဤပြည်အားရှေးအခါကရရှိခဲ့သည့် တန်ခိုးအာဏာကိုပြန်လည်ပေး၍ ထိုတန်ခိုးအာဏာကိုလည်းတည်တံ့ခိုင်မြဲ စေမည်။ သူတို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းကိုငါ အပြစ်ဒဏ်ခတ်မည်။
သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
သင်တို့ကိုမုန်း၍နှိပ်စက်ညှဉ်းဆဲသော ရန်သူများအပေါ်သို့ ထိုအမင်္ဂလာရှိ သမျှကိုကျရောက်စေတော်မူလိမ့်မည်။-
ဘုရားသခင်သည်တရားသဖြင့်စီရင်တော် မူသောအရှင်ဖြစ်တော်မူသည်အတိုင်း သင်တို့ ကိုဆင်းရဲဒုက္ခရောက်စေသူတို့အားဆင်းရဲ ဒုက္ခရောက်စေတော်မူလိမ့်မည်။-
ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။