ယောရှု 9:7 - Common Language Bible7 ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ဣ သ ရေ လ တပ် သား တို့ က၊ သင် တို့ သည် ငါ တို့ ပိုင် နယ် တွင် နေ ထိုင် သူ ဖြစ် ပါ လိမ့် မည်။ အ ဘယ် သို့ မိတ် သဟာ ယ ဖွဲ့ နိုင် ကြ အံ့ နည်း ဟု ထို ဟိ ဝိ လူ မျိုး တို့ အား ဆို ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible7 ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ်သို့ မိတ်သဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အားဆိုကြလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-