ထွက်မြောက် 23:23 - Common Language Bible23 ငါ၏ကောင်းကင်တမန်သည်သင်တို့ရှေ့က သွား၍ အာမောရိအမျိုးသား၊ ဟိတ္တိအမျိုး သား၊ ဖေရဇိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်လိမ့်မည်။ ထိုအမျိုး သားအပေါင်းတို့ကိုငါသုတ်သင်ဖျက်ဆီး မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 ငါ့ စေ တ မန် သည် သင် တို့ ရှေ့ က သွား လျက် အာ မော ရိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ခါ န နိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ နေ ရာ သို့ သင် တို့ ကို ပို့ ဆောင်၍ ထို လူ မျိုး များ ကို ငါ ကွယ် ပ စေ မည်။ အခန်းကိုကြည့်ပါ။Judson Bible23 ငါ့တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ရှိရာသို့ ဆောင်သွင်း၍၊ သူတို့ကို ပယ်ရှင်းမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။-
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''