သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
သူ တစ် ထူး ကို လှည့် ဖြား ၍ ရက် စက် ကြမ်း ကြုတ် စွာ သတ် သော သူ့ ကို ကား ငါ့ ပ လ္လင် တော် မှ ပင် ဆွဲ ငင် ကွပ် မျက် စေ။
အိမ်နီးချင်းကို သတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။
တစ်စုံတစ်ဦးသည် မိမိ၏အိမ်နီးချင်းကို တမင်သက်သက်ကြံစည်သတ်ဖြတ်လျှင် ထိုသူသည် သေဒဏ်ခံရန် ငါ၏ယဇ်ပလ္လင်တော်မှပင်ဖြစ်စေကာမူ သူ့ကိုဆွဲထုတ်သွားရမည်။
ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌ကွပ်မျက်သည်ကိုမလိုလား သဖြင့်``သူ့အားအစောင့်တပ်သားများအကြား မှနေ၍ခေါ်သွားကြလော့၊ သူ့အားကယ်ရန် ကြိုးစားသူမှန်သမျှကိုကွပ်မျက်ကြလော့'' ဟုတပ်မှူးတို့အားအမိန့်ပေးလေသည်။-
တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
``မိဘကိုရိုက်နှက်သောသူအား သေဒဏ် ခံစေရမည်။
လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
``သို့ရာတွင်သံ၊ ကျောက်၊ သစ်သားလက်နက်တစ် ခုခုဖြင့် လူတစ်ဦးအားသတ်သူသည်လူသတ် မှုကိုကူးလွန်သဖြင့်သေဒဏ်စီရင်ခြင်းကို ခံစေရမည်။-
ငါသည်ထာဝရဘုရား၏အမိန့်တော်ကို သင်တို့အားဆင့်ဆိုသော်လည်း သင်တို့သည် အမိန့်တော်ကိုမနာခံကြ။ သင်တို့သည် ထာဝရဘုရားကိုဖီဆန်လျက် မာနထောင် လွှားလျက်တောင်ကုန်းဒေသသို့ချီတက်ခဲ့ ကြ၏။-
သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။''
`` `လူတစ်ယောက်အားလျှို့ဝှက်စွာသတ်သူသည် ဘုရားသခင်၏ကျိန်ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသောအခါ``လူအပေါင်းတို့ က`အာမင်' ဟုဝန်ခံရကြမည်။
ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။-