တရားဟော 18:22 - Common Language Bible22 သူဆင့်ဆိုသောစကားအတိုင်းအကောင်အထည် မပေါ်လာလျှင် သူ၏ဆင့်ဆိုချက်သည်ထာဝရ ဘုရားထံတော်မှလာသည်မဟုတ်။ သူသည်မိမိ ၏အခွင့်အာဏာဖြင့်သာဆင့်ဆိုခြင်းဖြစ်၍ သင် တို့သည်သူ့ကိုမကြောက်နှင့်။'' အခန်းကိုကြည့်ပါ။Garrad Bible22 ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို အ မှီ ပြု ၍၊ ဆင့် ဆို သည့် အ တိုင်း၊ မ ပြည့် စုံ မ ဖြစ် ပျက် က၊ ထို အ ချက် ကို ထာ ဝ ရ ဘု ရား မိန့် ဆို တော် မ မူ။ မောက် မာ စွာ ဟော ပြော ဝံ့ သော ထို ပ ရော ဖက် ကို မ ကြောက် ရွံ့ ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible22 ပရောဖက်သည် ထာဝရဘုရား၏အခွင့်ကိုဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရားမိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ပရောဖက်သည် ထာဝရဘုရား၏နာမတော်ဖြင့် ဆင့်ဆို၍ သူဆင့်ဆိုသည့်အတိုင်း မဖြစ်လာ၊ မပြည့်စုံလာလျှင် ထိုစကားသည် ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်။ ထိုပရောဖက်သည် အတင့်ရဲစွာဆင့်ဆိုပြီ။ သင်သည် သူ့ကို မကြောက်ရ။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်ကာလ၌ပင်ဟေဇကိမင်းသည် သေလုမတတ်ဖျားနာ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် မင်းကြီးကိုလာ ရောက်ကြည့်ရှုပြီးနောက်``အရှင်သည်ပြန်လည် ကျန်းမာလာတော့မည်မဟုတ်သဖြင့် အရှင် နောက်ဆုံးမှာကြားရန်ရှိသည်တို့ကိုမှာကြား ခဲ့ရန် ထာဝရဘုရားမိန့်တော်မူပါ၏။ သို့ ဖြစ်၍သေရန်အသင့်ပြင်ပါလော့'' ဟုဆင့် ဆို၏။
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အကျွန်ုပ် တိုင်းပြည်မှမထွက်ခွာမီကပင်ကိုယ်တော် ဤသို့ပြုတော်မူမည်ဟု အကျွန်ုပ်ကြိုတင် ပြောခဲ့သည်မဟုတ်ပါလော။ ဤအကြောင်း ကြောင့်အကျွန်ုပ်သည်တာရှုမြို့သို့ထွက်ပြေး ရန်ကြိုးစားခဲ့ပါ၏။ ကိုယ်တော်သည်မေတ္တာ ကရုဏာရှိတော်မူသော၊ အစဉ်စိတ်ရှည် လျက်အကြင်နာတရားရှိတော်မူသော၊ အပြစ်ဒဏ်ခတ်သင့်သော်လည်းမခတ်ဘဲ ချမ်းသာပေးတော်မူသောဘုရားသခင် ဖြစ်တော်မူသည်ကိုအကျွန်ုပ်သိပါ ၏။-