သတ္တမနေ့သည် ထာဝရဘုရားအတွက်သီး သန့်ထားသောနားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍သင်၏သားသမီးများ၊ ကျေးကျွန် များ၊ တိရစ္ဆာန်များ၊ ဧည့်သည်အာဂန္တုများ သည်အလုပ်မလုပ်ရ။-
သ တ္တ မ နေ့ သည် သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ရှေ့ ဥ ပုသ် နေ့ ဖြစ် သ ဖြင့် သင် မှ စ၍ သား၊ သ မီး၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ တိ ရ စ္ဆာန်၊ တံ ခါး အ တွင်း ဝင် နေ သူ ပါ မည် သည့် အ မှု အ ရေး ကို မျှ မ လုပ် မ ဆောင် ရ။
သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။
သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ သင်၏ကျွန်ယောက်ျားကျွန်မိန်းမ၊ သင်၏တိရစ္ဆာန်နှင့် သင့်မြို့အတွင်းရှိတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
ထို့ကြောင့်သင်တို့သည်ခြောက်ရက်ပတ်လုံး မုန့်ကိုစုသိမ်းရမည်။ နားရက်ဖြစ်သောသတ္တမ နေ့တွင်စားစရာရရှိနိုင်မည်မဟုတ်'' ဟု ဆိုလေ၏။
``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
``ငါ၏ထံမှလွဲဖယ်၍ရုပ်တုများကိုကိုး ကွယ်ကာ မိမိတို့ရှေ့တွင်ကောက်ကျစ်၍လဲ စရာကိုချထားလျက်ပရောဖက်ထံလာ ရောက်စုံစမ်းမေးမြန်းသော ဣသရေလ အမျိုးသားသို့မဟုတ်ဣသရေလနိုင်ငံ ၌ နေထိုင်သူလူမျိုးခြားအားငါထာဝရ ဘုရားအဖြေပေးမည်။-
သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။ သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။