ထွက်မြောက် 35:2 - Common Language Bible2 သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။- အခန်းကိုကြည့်ပါ။Garrad Bible2 ခြောက် ရက် အ တွင်း လုပ် ဆောင် ရ သော် လည်း သ တ္တ မ နေ့ သည် သင် တို့ အ ဖို့ သီး သန့် ထား သော နေ့၊ ထာ ဝ ရ ဘု ရား ရှေ့ နား နေ ရ သော ဥ ပုသ် နေ့ ဖြစ် သ ဖြင့် ထို နေ့၌ အ မှု အ ရေး ကို လုပ် ဆောင် သူ တိုင်း သေ ဒဏ် ခံ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible2 ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် သင်တို့၌ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သည်ကား အသေခံရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ‘ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် သင်တို့အဖို့ သန့်ရှင်းသောနေ့၊ ထာဝရဘုရားအဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ ဖြစ်ရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သူမဆို အသတ်ခံရမည်။ အခန်းကိုကြည့်ပါ။ |
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-