ထွက်မြောက် 20:11 - Common Language Bible11 ထာဝရဘုရားသည်ခြောက်ရက်အတွင်းမိုး ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်ထိုအရပ်တို့ ၌ရှိသမျှတို့ကိုဖန်ဆင်း၍သတ္တမနေ့တွင် နားနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရား သည်ထိုနားရက်ကိုကောင်းချီးပေး၍ နေ့ထူး နေ့မြတ်သတ်မှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 အ သို့ ဆို သော်၊ ငါ ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ ရေ နှင့် ပါ ရှိ သ မျှ ကို ခြောက် ရက် တွင် ဖန် ဆင်း ပြီ၊ သ တ္တ မ နေ့၌ ငြိမ် ဝပ် စွာ နေ သည် ဖြစ်၍ ဥ ပုသ် နေ့ ကို ကောင်း ကြီး ပေး လျက် သီး သန့် ထား တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 အကြောင်းမူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အကြောင်းမူကား ထာဝရဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ခြောက်ရက်ပတ်လုံးဖန်ဆင်း၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့် ထာဝရဘုရားသည် ဥပုသ်နေ့ကို ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။