Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 34:21 - Common Language Bible

21 ``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ခြောက် ရက် အ တွင်း လုပ် ကိုင်၍ သ တ္တ မ နေ့ ၌ ငြိမ် ဝပ် စွာ နေ ရ မည်။ လယ် ထွန် ချိန်၊ ရိတ် သိမ်း ချိန်၌ ပင်၊ ထို သို့ နေ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ခြောက်​ရက်​ပတ်​လုံး အ​လုပ်​လုပ်​ရ​မည်။ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။ လယ်​လုပ်​ရာ​ကာ​လ၊ အ​သီး​အ​နှံ​သိမ်း​ရာ​ကာ​လ​ဖြစ်​သော်​လည်း၊ သ​တ္တ​မ​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ ထွန်ယက်​ချိန်​ဖြစ်စေ​၊ ရိတ်သိမ်း​ချိန်​ဖြစ်စေ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 34:21
13 ပူးပေါင်းရင်းမြစ်များ  

တိုင်း​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက် သည်​မှာ ယ​ခု​နှစ်​နှစ်​မျှ​သာ​ရှိ​သေး​သည်။ ထွန် ယက်​စိုက်​ပျိုး​ခြင်း​နှင့်​စပါး​ရိတ်​သိမ်း​ခြင်း​မ​ပြု လုပ်​နိုင်​သော​နှစ်​ငါး​နှစ်​ကျန်​သေး​၏။-


ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-


``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။


သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။-


သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-


သင်​တို့​လယ်​ယာ​များ​ကို​ထွန်​ယက်​ပေး​ကြ သည့်​နွား​များ၊ မြည်း​များ​သည်​ကောင်း​ပေ့၊ သန့်​ပေ့​ဆို​သည့်​အ​စာ​များ​ကို​စား​ရ​ကြ လိမ့်​မည်။-


သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-


ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။


ထို​နောက်​သူ​တို့​သည်​အိမ်​သို့​ပြန်​၍​ဆီ​မွှေး နှင့်​နံ့​သာ​ပေါင်း​ကို​အ​သင့်​ပြင်​ဆင်​ကြ​၏။ သူ​တို့​သည်​ပ​ညတ်​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့​၌​အ​နား​ယူ​ကြ​၏။


ထို​နွား​မ​ကို​ရေ​မ​ခန်း​သည့်​ချောင်း​အ​နီး ရှိ​မြေ​ရိုင်း​တစ်​ကွက်​သို့​ခေါ်​ဆောင်​၍ ထို နေ​ရာ​တွင်​နွား​မ​၏​လည်​ကို​ချိုး​၍​သတ် ရ​မည်။-


သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ