မောရှေကသူတို့အား``တတိယနေ့တွင် အသင့်ရှိစေကြလော့။ ဤအတောအတွင်း မယားနှင့်မဆက်ဆံကြနှင့်'' ဟုပြော ကြားလေ၏။
မော ရှေ က လည်း၊ တ တိ ယ နေ့ မ တိုင် မီ အ သင့် ရှိ စေ ကြ လော့။ မ ယား ကို မ ချဉ်း ကြ နှင့် ဟု လူ မျိုး အား တား မြစ်၏။
မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌ အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။
မောရှေက လူတို့အား “တတိယနေ့၌ အသင့်ပြင်ဆင်ထားကြလော့။ မိန်းမကိုမချဉ်းကပ်ကြနှင့်”ဟု ဆိုလေ၏။
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
တတိယနေ့တွင်ဝတ်ပြုကိုးကွယ်ရန် အသင့် ရှိစေရမည်။ ထိုနေ့၌လူအပေါင်းတို့ရှေ့တွင် ငါထာဝရဘုရားသည်သိနာတောင်ပေါ် သို့ကြွဆင်းတော်မူမည်။-
ထိုနောက်မောရှေသည်တောင်ပေါ်မှဆင်းလာ ၍ လူတို့အားဝတ်ပြုကိုးကွယ်ရန်ပြင်ဆင် စေ၏။ ထိုကြောင့်သူတို့သည်အဝတ်များ ကိုဖွပ်လျှော်ကြ၏။-
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။
``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။''
တတိယစစ်မြင်းရထားတွင်မြင်းဖြူများ၊ စတုတ္ထစစ်မြင်းရထားတွင်ပြောက်ကျား မြင်းများကလျက်ရှိ၏။-
သို့ရာတွင်အဘယ်သူသည်ကိုယ်တော်ရှင်ကြွ လာတော်မူမည့်နေ့ရက်ကာလကိုတိမ်းရှောင် နိုင်ပါမည်နည်း။ ကိုယ်တော်ရှင်ပေါ်ထွန်းတော် မူရာကာလ၌အဘယ်သူသည်ကျန်ရစ်လိမ့် မည်နည်း။ ကိုယ်တော်သည်အစွမ်းထက်သည့် ဆပ်ပြာနှင့်လည်းကောင်း၊ သတ္တုချွတ်သည့် မီးနှင့်လည်းကောင်းတူလိမ့်မည်။-
လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။