ယောလ 2:16 - Common Language Bible
16 လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 လူ ပ ရိ သတ် ကို ခေါ် ဖိတ်၍ သီး သန့် စေ ကြ လော့။ အ သက် ကြီး သူ တို့ မှ စ၍၊ နို့ စို့၊ နို့ ညှာ သူ ငယ် တို့ ကို ခေါ် ဖိတ် စု ရုံး ကြ လော့။ မင်္ဂ လာ ဆောင် တိုက် ခန်း မှ ပင် သ တို့ သား သ တို့ သ မီး တို့ ထွက် လာ ကြ စေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သောသူတို့ကိုလည်းကောင်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာတွင်းကလည်းကောင်း ထွက်စေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
16 လူတို့ကိုစုဝေးစေ၍ လူထုကြီးကို စင်ကြယ်စေလော့။ သက်ကြီးဝါကြီးများကို စုရုံးစေလော့။ နို့စို့ကလေးမှစ၍ ကလေးငယ်တို့ကို စုစည်းလော့။ သတို့သားကို အခန်းထဲမှလည်းကောင်း၊ သတို့သမီးကို မင်္ဂလာခန်းမှလည်းကောင်း ထွက်လာစေလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ