ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အား လှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
ထွက်မြောက် 17:12 - Common Language Bible မောရှေ၏လက်များညောင်းလာသောအခါ အာရုန်နှင့်ဟုရတို့သည် မောရှေအားကျောက် တုံးတစ်ခုပေါ်တွင်ထိုင်စေပြီးလျှင် တစ်ဘက် စီ၌ရပ်လျက်မောရှေ၏လက်များကိုချီပင့် ထားကြ၏။ သူတို့နှစ်ဦးသည်မောရှေ၏ လက်များကိုနေဝင်သည့်တိုင်အောင်ချီပင့် ထားကြသည်ဖြစ်ရာ၊- Garrad Bible လက် ချ လျှင် အာ မ လက် လူ တို့ သာ၏။ သို့ ရာ တွင် မော ရှေ လက် ညောင်း သော ကြောင့် အာ ရုန်၊ ဟု ရ တို့ သည် ကျောက် ကို ယူ၍ မော ရှေ ထိုင် စေ ရန် အောက် သို့ သွင်း ထား ပြီး လျှင်၊ တစ် ယောက် တစ် ဖက် စီ လက် ကို မ ကြ သ ဖြင့် နေ ဝင် သည့် တိုင် အောင် လက် များ တည် မြဲ လေ၏။ Judson Bible သို့ရာတွင် မောရှေ၏လက်သည်ညောင်းသောကြောင့်၊ သူတို့သည် ကျောက်ကိုယူ၍ မောရှေကိုထိုင်စေပြီးလျှင်၊ အာရုန်နှင့် ဟုရတို့သည် တစ်ယောက်တစ်ဖက်နေ၍ သူ၏လက်ကိုမကြ၏။ သို့ဖြစ်၍ နေဝင်သည်တိုင်အောင် သူ၏လက်တို့သည် အမြဲနေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။ |
ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အား လှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
မောရှေသည်မိမိ၏လက်များကိုမြှောက်ထား သည့်အခါ ဣသရေလအမျိုးသားတို့ဘက် ကစစ်ရေးသာ၏။ သူ၏လက်များကိုချသည့် အခါအာမလက်အမျိုးသားတို့ဘက်က စစ်ရေးသာ၏။-
မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
အဘယ်ကြောင့်ဆိုသော်သင်တို့၏ဆုတောင်း ပတ္ထနာကြောင့်လည်းကောင်း၊ ယေရှုခရစ်ဝိညာဉ် တော်၏ကူညီစောင်မမှုကြောင့်လည်းကောင်း ငါသည်ဤအနှောင်အဖွဲ့မှလွတ်မြောက်မည် ဟုငါသိသောကြောင့်ဖြစ်၏။-
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
သို့ဖြစ်၍သင်တို့၏နွမ်းနယ်သည့်လက်များကို အပေါ်သို့မ၍ချိနဲ့သည့်ဒူးဆစ်တို့ကိုခိုင်ခံ့ စေကြလော့။-
သို့ရာတွင်သင်တို့သည်ယုံမှားသံသယမရှိ ဘဲယုံကြည်သောစိတ်နှင့်တောင်းလျှောက်ကြရ မည်။ ယုံမှားသံသယရှိသောသူသည်လေ တိုက်၍လှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။-