Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 35:3 - Common Language Bible

3 ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​သူ​တို့​အား လှံ​တံ​တော်​နှင့်​ရဲ​တင်း​တော်​ကို​ချိန်​ရွယ်​၍ ဆီး​တား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကယ်​တင်​တော်​မူ​မည်​ဖြစ် ကြောင်း ကျွန်​တော်​မျိုး​အား​မိန့်​ကြား​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 လှံ တော် ထုတ်၍၊ လိုက် လံ သူ တို့ ကို ဆီး ဆို့ လျက်၊ သင့် ကယ် တင် ရာ ကယ် တင် ကြောင်း ငါ ဖြစ် သည် ဟု၊ အ ကျွန်ုပ် အ သက် အား မိန့် ဆို တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကျွန်ုပ်​ကို လိုက်​သော​သူ​တို့​ရှေ့၌ လှံ​တော်​ကို​ရွယ်၍ ဆီး​တား​တော်​မူ​ပါ။ ငါ​သည် သင်၌​ချမ်း​သာ​ပေး​သော သူ​ပေ​တည်း​ဟု အ​ကျွန်ုပ်၏​ဝိ​ညာဉ်​အား မိန့်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 လှံ​နှင့်​အဲမောင်း​ကို​လည်း​ဆွဲယူ​၍ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို ရင်ဆိုင်​တော်မူ​ပါ​။ “​ငါ​သည် သင့်​ကို​ကယ်တင်​သော​သူ​ဖြစ်​သည်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​အား မိန့်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 35:3
13 ပူးပေါင်းရင်းမြစ်များ  

``အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​သည် ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို စောင့်​မျှော်​လျက်​ရှိ​ပါ​၏။


ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။


ဆိုး​ညစ်​သူ​တို့​ငါ့​ကို​သတ်​ရန်​တိုက်​ခိုက်​ကြ​သော အ​ခါ သူ​တို့​သည်​ခြေ​ချော်​၍​လဲ​ကြ​၏။


ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ခံ​စား​ရ​ရှိ​သည့်​ဝမ်း​မြောက်​ခြင်း​ကို ကျွန်​တော်​မျိုး​အား​ပေး​သ​နား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​ကို​နာ​ခံ​တတ်​စေ တော်​မူ​ပါ။


ငါ​၏​ကယ်​တင်​ခြင်း​နှင့်​ဂုဏ်​အ​သ​ရေ​သည် ဘု​ရား​သ​ခင်​အ​ပေါ်​တွင်​တည်​ပါ​၏။ ကိုယ်​တော်​သာ​တန်​ခိုး​ကြီး​သည့်​ကာ​ကွယ်​သော ကျောက်​တောင်​ဖြစ်​တော်​မူ​၏။ ငါ​ခို​လှုံ​ရာ​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


သူ​တို့​အား​အ​သက်​ရှည်​စေ​၍​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​ခံ​စား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဇိ​အုန် တောင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​ဆောင်​ရွက်​ရန် အ​မှု​ပြီး​စီး​သော​အ​ခါ၊ အာ​ရှု​ရိ​ဘု​ရင် အား မိ​မိ​၏​ဝါ​ကြွား​မှု​နှင့်​မာန်​မာ​န​ကြီး မှု​တို့​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့် တော်​မူ​၏။


``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။


လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည် ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင် ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။


ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ