Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 17:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 မော​ရှေ​၏​လက်​များ​ညောင်း​လာ​သော​အ​ခါ အာ​ရုန်​နှင့်​ဟု​ရ​တို့​သည် မော​ရှေ​အား​ကျောက် တုံး​တစ်​ခု​ပေါ်​တွင်​ထိုင်​စေ​ပြီး​လျှင် တစ်​ဘက် စီ​၌​ရပ်​လျက်​မော​ရှေ​၏​လက်​များ​ကို​ချီ​ပင့် ထား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​မော​ရှေ​၏ လက်​များ​ကို​နေ​ဝင်​သည့်​တိုင်​အောင်​ချီ​ပင့် ထား​ကြ​သည်​ဖြစ်​ရာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 လက် ချ လျှင် အာ မ လက် လူ တို့ သာ၏။ သို့ ရာ တွင် မော ရှေ လက် ညောင်း သော ကြောင့် အာ ရုန်၊ ဟု ရ တို့ သည် ကျောက် ကို ယူ၍ မော ရှေ ထိုင် စေ ရန် အောက် သို့ သွင်း ထား ပြီး လျှင်၊ တစ် ယောက် တစ် ဖက် စီ လက် ကို မ ကြ သ ဖြင့် နေ ဝင် သည့် တိုင် အောင် လက် များ တည် မြဲ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 17:12
15 ပူးပေါင်းရင်းမြစ်များ  

လှံ​နှင့်​အဲမောင်း​ကို​လည်း​ဆွဲယူ​၍ အကျွန်ုပ်​ကို​လိုက်လံညှဉ်းဆဲ​သော​သူ​တို့​ကို ရင်ဆိုင်​တော်မူ​ပါ​။ “​ငါ​သည် သင့်​ကို​ကယ်တင်​သော​သူ​ဖြစ်​သည်​”​ဟု အကျွန်ုပ်​၏​စိတ်ဝိညာဉ်​အား မိန့်​တော်မူ​ပါ​။


မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။


ထို့ကြောင့် ယောရှု​သည် အာမလက်​နှင့်​သူ​၏​လူ​တို့​ကို ဓား​ဖြင့်​အနိုင်ရ​လေ​၏​။


မောရှေ​က သက်ကြီးဝါကြီး​တို့​အား “​သင်​တို့​ထံသို့ ငါ​တို့​ပြန်လာ​သည့်​တိုင်အောင် ဤ​နေရာ​၌ ငါ​တို့​ကို​စောင့်​နေ​ကြ​လော့​။ ကြည့်​လော့​။ အာရုန်​နှင့်​ဟုရ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​သည်​ဖြစ်၍ မည်သူမဆို အမှုအခင်း​ရှိ​လျှင် သူ​တို့​ထံသို့​သွား​စေ​”​ဟု မှာကြား​ခဲ့​၏​။


အားနည်း​သော​လက်​တို့​ကို ခိုင်ခံ့​စေ​ကြ​လော့​။ ချည့်နဲ့​သော​ဒူး​တို့​ကို သန်မာ​စေ​ကြ​လော့​။


သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။


အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။


ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ ထိုသို့​ပြု​ရာ​တွင် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အားဖြင့် သတိ​ဝီရိယ​ရှိ​ကြ​လော့။


ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


ထို့ကြောင့် အားအင်​ကုန်ခန်း​နေ​သော​လက်​များ​နှင့် ချည့်နဲ့​နေ​သော​ဒူး​များ​ကို ပြန်လည်​ခိုင်ခံ့​စေ​ကြ​လော့။


သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။


အာဣ​မြို့သား​တို့​ကို ချေမှုန်း​၍​မ​ပြီး​မ​ချင်း ယောရှု​သည် လှံ​ရွယ်​ထား​သော​လက်​ကို မ​ချ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ