ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ထွက်မြောက် 15:7 - Common Language Bible ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။ Garrad Bible ကိုယ်တော့် တစ် ဘက်၌ ထ ကြွ သူ တို့ ကို ကြီး မြတ် သော ဘုန်း တော် နှင့် ဖြို လှဲ တော် မူ၍ အ မျက် တော် ရှိန် ကို လွှတ် သ ဖြင့် ရိုး ပြတ် ကဲ့ သို့ ကျွမ်း စေ တော် မူ ၏။ Judson Bible ကိုယ်တော် တစ်ဖက်၌ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကိုလွှတ်၍၊ သူတို့ကိုအမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။ |
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
ကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ ထိုအခါဘုရားသခင်သည် ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါလိမ့်မည်။
အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
အို ထာဝရဘုရား၊ ယခုကျွန်တော်မျိုးတို့ ၏လျှောက်ထားချက်ကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားတည်းဟူ သောကိုယ်တော်ရှင်အား သနာခရိပ်စော် ကားပြောဆိုသောစကားမှန်သမျှကို နားထောင်တော်မူပါ။-
သင်သည်အဘယ်သူအားစော်ကားကဲ့ရဲ့လျက် နေသည်ဟုထင်မှတ်ပါသနည်း။ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူ သောငါဘုရားအားမလေးမခန့်ပြု၍ နေပါသည်တကား။-
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
``သူတို့သည်ဖွဲကဲ့သို့ဖြစ်၍မီးသည်သူတို့အား ကျွမ်းလောင်စေလိမ့်မည်။ သူတို့သည်မိမိတို့ကိုယ်ကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မီးလျှံများသည်ပူနွေးရန်လှုံသည့်မီးမျိုး မဟုတ်ဘဲ၊ သူတို့အတွက်အပူလွန်၍နေလိမ့်မည်။
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်နှင့်တူသော ဘုရား တစ်ဆူမျှမရှိပါ။ ကိုယ်တော်ရှင်သည်တန်ခိုးကြီးတော်မူပါ၏။ နာမတော်သည်လည်းကြီးမြတ်၍တန်ခိုး အာနုဘော်နှင့် ပြည့်ဝပါ၏။
လူမျိုးများစွာတို့သည်သင်တို့ကိုတိုက်ခိုက် ရန် စုရုံးရောက်ရှိလာကြပြီ။ သူတို့က``ယေရု ရှလင်မြို့ကိုဖြိုဖျက်ကြကုန်အံ့၊ ငါတို့သည် မြို့ပျက်ကိုမြင်ရသဖြင့်ဝမ်းသာအားရ ကြလိမ့်မည်'' ဟုဆိုကြ၏။-
ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့မှစမ်းရေများစီးဆင်း၍ လာလိမ့်မည်။ ထိုရေ၏တစ်ဝက်သည်ပင်လယ် သေထဲသို့လည်းကောင်း၊ အခြားတစ်ဝက်သည် မြေထဲပင်လယ်ထဲသို့လည်းကောင်း တစ်နှစ် ပတ်လုံးဆောင်းရောနွေပါစီးဆင်းသွားလိမ့် မည်။-
သင်တို့အားထိပါးလာသူသည်ငါတန်ဘိုး အထားဆုံးသောအရာကိုထိပါးသူဖြစ် ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်၏လူမျိုးတော်တို့အားတိုက်ခိုက် ချေမှုန်းသူတို့အား ဤကဲ့သို့သတင်းစကား ပြောကြားရန် ငါ့အားအနန္တတန်ခိုးရှင်ထာ ဝရဘုရားသည်စေလွှတ်တော်မူသည်။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါတို့၏ဘုရား သခင်သည်ကျွမ်းလောင်စေတတ်သောမီး သဖွယ်ဖြစ်တော်မူသောကြောင့်တည်း။