ထွက်မြောက် 5:12 - Common Language Bible12 ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို သူ တို့ သည် ကောက် ရိုး အ ဖြစ် ကောက် ငုပ် ကို ယူ ခြင်း ငှါ အိ ဂျစ် ပြည် လုံး နှံ့ တ ကွဲ တ ပြား ရှာ ရ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှာ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
ယာကုပ်၏မျိုးဆက်များနှင့်ယောသပ်၏ မျိုးဆက်များသည်မီးနှင့်တူလိမ့်မည်။ မီးသည်အမှိုက်သရိုက်ကိုကျွမ်းလောင်စေ သကဲ့သို့၊ သူတို့သည်ဧသော၏မျိုးဆက်များကို သုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ဧသော၏သားမြေးတစ်စုံတစ်ယောက်မျှ အသက် မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။