``အို ထာဝရဘုရားဤသူတို့သည်ကိုယ် တော်၏လူမျိုးတော်၊ ကိုယ်တော်၏အစေခံ များဖြစ်ကြပါ၏။ သူတို့အားကိုယ်တော် သည်မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့်ကယ်ဆယ်တော်မူခဲ့ပါ၏။-
ထွက်မြောက် 13:16 - Common Language Bible ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် လက် ရုံး တော့် တန် ခိုး ဖြင့် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ကြောင့် ဤ ဝတ် သည် သင် တို့ လက်၌ လ က္ခ ဏာ သက် သေ၊ မျက် မှောင် ကြား ၌ သင်း ကျစ် သ ဖွယ် ဖြစ် ရ မည် ဟု ဆင့် ဆို လေ ၏။ Judson Bible ဤအရာသည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စိကြားမှာ သင်းကျစ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။ |
``အို ထာဝရဘုရားဤသူတို့သည်ကိုယ် တော်၏လူမျိုးတော်၊ ကိုယ်တော်၏အစေခံ များဖြစ်ကြပါ၏။ သူတို့အားကိုယ်တော် သည်မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့်ကယ်ဆယ်တော်မူခဲ့ပါ၏။-
ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
သင်တို့နေထိုင်ရာအိမ်တံခါးတိုင်တို့တွင် သုတ်လိမ်းထားသောသွေးသည်အမှတ်အသား ဖြစ်လိမ့်မည်။ ငါသည်သွေးကိုမြင်ရသောအခါ သင်တို့အိမ်ကိုကျော်လွန်သွားမည်။ သို့ဖြစ်၍ ငါသည်အီဂျစ်ပြည်ကိုဒဏ်ခတ်သောအခါ သင်တို့သည်၎င်းဒဏ်မှလွတ်ကင်းကြလိမ့် မည်။-
နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-
``ဤပညတ်တော်များကိုအစဉ်သတိရ၍ မြတ်နိုးလော့။ ယင်းတို့ကိုသတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ် တွင်လည်းကောင်းချည်ထားလော့။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုမဟာတန်ခိုး တော်ဖြင့်ကယ်တင်ခဲ့ကြောင်းကိုလည်းကောင်း သတိရကြလော့။ ထိုအကြောင်းကြောင့်ငါ သည်သင်တို့အားဥပုသ်နေ့ကိုစောင့်ရန် မိန့်မှာတော်မူ၏။
`ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။-
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-