ထွက်မြောက် 12:41 - Common Language Bible41 နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible41 နှစ် ပေါင်း လေး ရာ့ သုံး ဆယ့် စေ့ သော နေ့ တွင် ပင် ထာ ဝ ရ ဘု ရား၏ ဗိုလ် ခြေ အ ပေါင်း တို့ သည် အိ ဂျစ် ပြည် မှ ထွက် သွား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible41 အနှစ်လေးရာသုံးဆယ်စေ့သောနေ့ချင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည်မှထွက်သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း41 နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-