ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ထွက်မြောက် 12:37 - Common Language Bible ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ရာ မ သက် မြို့ မှ သု ကုတ် မြို့ သို့ ချီ သွား ကြ ၏။ လူ ဦး ရေ ကား၊ သူ ငယ် များ ကို မ ထည့် မ သွင်း ဘဲ ခြေ လျင် ယောက်ျား ခြောက် သိန်း ခန့် ရှိ သ တည်း။ Judson Bible ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကိုမဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှရှိသောသူတို့သည်၊ ရာမသက်မြို့မှထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။
သူတို့သည်သုကုတ်မြို့မှခရီးဆက်ခဲ့ကြ ရာ တောကန္တာရအစပ်ရှိဧသံမြို့တွင်စခန်း ချကြ၏။-
ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။-
မောရှေကထာဝရဘုရားအား``အကျွန်ုပ်မှာ လူပေါင်းခြောက်သိန်းရှိပါ၏။ ကိုယ်တော်က သူတို့အားတစ်လပတ်လုံးအသားကျွေး မည်ဟုမိန့်တော်မူပါသည်။-
ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။-
ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။-