ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ထွက်မြောက် 12:28 - Common Language Bible ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။ Garrad Bible မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သည့် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ သည် သွား ၍ ပြု ကြ ကုန် ၏။ Judson Bible ထိုသို့ မောရှေနှင့်အာရုန်တို့ကို ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။ |
ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။
ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-
သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။
နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
မောရှေသည်ထိုသို့ဣသရေလအမျိုးသား တို့အား မိန့်ကြားသည့်အတိုင်း သူတို့သည် အပြစ်ကူးလွန်သူကိုစခန်းအပြင်သို့ ထုတ်၍ခဲဖြင့်ပစ်ကြ၏။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။
ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။
မောရှေနှင့်ဧလာဇာတို့သည် ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းဆောင်ရွက် ကြလေသည်။
သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။
ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။
ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည်အတိုင်း ဣသရေလအမျိုး သားတို့သည်နယ်မြေကိုခွဲဝေကြလေ သည်။
ရာခပ်သည်သူတို့ပြောသည့်အတိုင်းလိုက်နာ ပါမည်ဟုဝန်ခံသဖြင့် သူတို့သည်ထွက်ခွာ သွားကြသည်။ သူတို့ထွက်သွားကြပြီးနောက် ရာခပ်သည်ပြူတင်းပေါက်တွင်ကြိုးနီကိုချည် ထားလေသည်။
ထိုသူတို့သည်ယောရှုစေခိုင်းသမျှကို ဆောင်ရွက်ကြ၏။ ထာဝရဘုရားသည်ယောရှု အားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည် ဣသရေလတစ်နွယ်လျှင်ကျောက်တုံးတစ် တုံးကျဖြင့်ကျောက်တုံးတစ်ဆယ့်နှစ်တုံး ကို ယော်ဒန်မြစ်လယ်မှသယ်ဆောင်၍စခန်း တွင်း၌ချထားကြ၏။-