တရားဟော 34:9 - Common Language Bible9 မောရှေသည်နုန်၏သားယောရှုအပေါ်လက် တင်၍ မိမိအရိုက်အရာကိုဆက်ခံရန်ခန့် အပ်ခဲ့သည်။ သို့ဖြစ်၍ယောရှုသည်ပညာဉာဏ် နှင့်ပြည့်စုံလေ၏။ ဣသရေလအမျိုးသား တို့သည်ယောရှု၏စကားကိုနားထောင်၍ မောရှေဆင့်ဆိုသောထာဝရဘုရား၏ အမိန့်တော်များကိုလိုက်နာကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible9 ဣ သ ရေ လ အ မျိုး သား တို့ သည်၊ မော ရှေ၏ လက် တင် ခြင်း အား ဖြင့် ဉာဏ် ပ ညာ နှင့် ပြည့် စုံ သော နန်ု့ သား ယော ရှု၏ စ ကား ကို နား ထောင်၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သည့် အ တိုင်း လိုက် နာ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible9 မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ရက်ကာလလွန်ပြီးမှ၊ နုန်၏သားယောရှုသည် အထက်က မောရှေ၏လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘောနှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကိုနားထောင်လျက်၊ မောရှေအား ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 မောရှေသည် နုန်၏သား ယောရှုအပေါ် လက်တင်ခဲ့သောကြောင့် ယောရှုသည် ဉာဏ်ပညာနှင့်ပြည့်ဝ၏။ အစ္စရေးအမျိုးသားတို့သည် သူ၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်းပြုကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-