Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 24:23 - Common Language Bible

23 မော​ရှေ​သည်​ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​ကြား​သည့်​အ​တိုင်း သူ​တို့​သည် အ​ပြစ်​ကူး​လွန်​သူ​ကို​စ​ခန်း​အ​ပြင်​သို့ ထုတ်​၍​ခဲ​ဖြင့်​ပစ်​ကြ​၏။ ဤ​နည်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို ရာ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း လိုက် နာ၍ ဆဲ ရေး သူ့ ကို တပ် စား ခန်း ပြင် သို့ ထုတ် ပြီး လျှင် ခဲ ပစ် ဒဏ် ခတ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ကျိန်​ဆဲ​သော​သူ​ကို တပ်​ပြင်​သို့​ဆောင်​သွား၍၊ ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်​အ​ကြောင်း မော​ရှေ​ဆင့်​ဆို​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 မောရှေ​သည်​လည်း အစ္စရေး​အမျိုးသား​တို့​အား​ဆင့်ဆို​လေ​၏​။ ထို့နောက် သူ​တို့​သည် ကျိန်ဆဲ​သော​သူ​ကို တပ်စခန်း​အပြင်ဘက်​သို့​ထုတ်သွား​၍ ခဲ​နှင့်​ပေါက်သတ်​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 24:23
8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မောရှေ​နှင့်​အာ​ရုန်​တို့​ညွှန်​ကြား သည့်​အ​တိုင်း သူ​တို့​သည်​လိုက်​နာ​ဆောင်​ရွက် ကြ​၏။


သင်​တို့​သည်​ဤ​ပညတ်​ချက်​များ​ကို​ထာ​ဝ စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​မိ​သ​မျှ​သော​အ​ပြစ်​မှ​ပြေ​စေ အံ့​သော​ငှာ ဤ​ဝတ်​ကို​တစ်​နှစ်​လျှင်​တစ်​ကြိမ် ပြု​ရ​မည်။ သို့​ဖြစ်​ပါ​၍​မော​ရှေ သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ဆောင်​ရွက်​လေ​၏။


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သော​ကြောင့်​သင်​တို့​နှင့်​တ​ကွ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​သည်​ဤ​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ