သူတို့သည်ခါနာန်အမျိုးသားတို့အား သုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
တရားဟော 7:16 - Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင် တို့၏လက်သို့အပ်တော်မူသောလူမျိုးရှိသမျှ ကို သင်တို့သည်သုတ်သင်ဖျက်ဆီးပစ်ရမည်။ ထို သူတို့အားမသနားမညှာတာရ။ ထိုသူတို့ ၏ဘုရားများကိုဝတ်မပြုရ။ ဝတ်ပြုလျှင် သင်တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့် မည်။'' Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ အံ့ သော လူ အ မျိုး မျိုး ကို မျက် စောင်း နှင့် မ ညှာ တာ ဘဲ ကုန် ဆုံး စေ ရ မည်။ ချင်း တို့ ဘု ရား များ နှင့် စပ် လျဉ်း ၍၊ ကျော့ ကွင်း သ ဖွယ် မ ဖြစ် စေ ရန်၊ ဝတ် မ ပြု ကြ လင့်။ Judson Bible သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်း ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။ |
သူတို့သည်ခါနာန်အမျိုးသားတို့အား သုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။''
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့သည်ထိုပြည်သားတို့ကိုမနှင်ထုတ် လျှင် ကျန်ရှိနေသောသူတို့သည်ဆူးငြောင့် သဖွယ်ဖြစ်၍သင်တို့ကိုရန်မူကြလိမ့်မည်။-
သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
ထိုအခါသင်တို့သည်သူဖြားယောင်းသည့် အတိုင်းမလိုက်လျောနှင့်။ သူပြောသည့်စကား ကိုပင်နားမထောင်နှင့်။ သူ့အားထောက်ထား ညှာတာခြင်းမပြုရ။ အကာအကွယ်မပေးရ။-
သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
သူ့အားမသနားမညှာတာရ။ သင်တို့သည် အေးချမ်းစွာနေထိုင်နိုင်ရန် ဣသရေလလူ မျိုးထဲမှထိုလူသတ်သမားကိုဖယ်ရှားပစ် ရမည်။''
ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။-
သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။